၁။ အမျိုးသားအဆင့်ပို့ကုန်မဟာဗျူဟာ (National Export Strategy - NES) ရေးဆွဲ အကောင်အထည်ဖော်ရေးလုပ်ငန်း စီမံချက်ကို ၂၀၁၃ခုနှစ်ဧပြီလ၂၆ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စု အစိုးရ အဖွဲ့၏ အစည်းအဝေးအမှတ်စဉ် (၁၄/၂၀၁၃) ခွင့်ပြုချက်ဖြင့် ဂျာမဏီနိုင်ငံ GIZ ၏ အထောက် အပံ့နှင့် နိုင်ငံ တကာ ကုန်သွယ်မှုစင်တာ (International Trade Center - ITC) ၏ နည်းပညာ အကူအညီတို့ဖြင့် စတင် ဆောင်ရွက်ခဲ့ ပါသည်။
၂။ မြန်မာနိုင်ငံ၏အမျိုးသားအဆင့်ပို့ကုန်မဟာဗျူဟာရေးဆွဲခြင်းလုပ်ငန်းစီမံချက် စတင်ခြင်းနှင့် ပထမ အကြိမ်အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၃ ခုနှစ်၊ မေလ ၂ ရက်နေ့မှ ၄ ရက်နေ့ အထိ နေပြည်တော်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ပါသည်။ ပထမအကြိမ်အလုပ်ရုံဆွေးနွေးပွဲမှ အမျိုးသား ပို့ကုန်မဟာဗျူဟာအတွက် မျှော်မှန်းချက်၊ ဦးတည်ချက်များနှင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ဦးစားပေး ကဏ္ဍ (၇)ခုနှင့် အထောက်အ ကူပြုကဏ္ဍ (၄) ခုတို့ကို ရွေးချယ်ဖော်ထုတ်နိုင်ခဲ့ပါသည်။
အမျိုးသားပို့ကုန်မဟာဗျူဟာ၏မျှော်မှန်းချက်မှာ-
ထွန်းသစ်စ မြန်မာနိုင်ငံအတွက် ပို့ကုန်ဦးဆောင်သော စဉ်ဆက်မပြတ် တိုးတက်မှု နှင့် ကြွယ်ဝမှုဆီသို့
“Sustainable export-led growth and prosperity for an emerging Myanmar”
အမျိုးသားပို့ကုန်မဟာဗျူဟာ၏ဦးတည်ချက်မှာ-
စဉ်ဆက်မပြတ်တိုးတက်မှုရှိပြီး၊အလုံးစုံပါဝင်ကာညီညွတ်မျှတမှုရှိသည့်ပို့ကုန်ဦးဆောင်သောတိုးတက်မှုကို ဖော်ဆောင်ရန်၊
- ကျိုးကြောင်း ညီညွတ်ကာထိရောက်မှုရှိသော ကြိုတင်မှန်းဆနိုင်သော ပွင့်လင်းမြင်သာမှုရှိသော မူဝါဒနှင့် စည်းမျဉ်းမူ ဘောင်များ ပေါ်ပေါက် လာစေရန်၊
- ထုတ်လုပ်မှုစွမ်းဆောင်ရည် တိုးချဲ့ခြင်းနှင့် တီထွင်ဖန်တီးမှုများကိုအာ ပေးမြှင့်တင်ခြင်းဖြင့် ယှဉ်ပြိုင်နိုင်မှုရှိသော၊ အရည်အသွေး ကောင်းပို့ကုန်များ အမျိုးအမည်စုံလင်စွာ တိုးတက်လာစေရန်၊
- လက်ရှိ ပို့ကုန်လုပ်ငန်းရှင်များနှင့် ထွန်းသစ်စ ပို့ကုန်လုပ်ငန်းရှင်များ၏ လိုအပ်ချက်အမျိုးမျိုးကို ပူးပေါင်းဖြည့်ဆည်း ပံ့ပိုးပေးနိုင်မည့်ခေတ်မီကုန်သွယ်မှု အထောက်အကူပြု အဖွဲ့အစည်းများ ထူထောင်နိုင်ရန် ၊
- ရုပ်ပိုင်းဆိုင်ရာကုန်သွယ်မှုအခြေခံအဆောက်အအုံများတည်ဆောက်ရန် ၊
၃။ NESအတွက် ရွေးချယ်ထားသောအကောင်အထည်ဖော် ဆောင်ရွက်မည့်ဦးစားပေး ကဏ္ဍများ မှာ-
(က) ဦးစားပေးကဏ္ဍများ (ကုန်စည်) (Priority Sector-Goods) (၅) မျိုး
(၁) ဆန်
(၂) ပဲအမျိုးမျိုးနှင့်ဆီထွက်သီးနှံ
(၃) ရေထွက်ကုန်ပစ္စည်း
(၄) အထည်အလိပ်နှင့် အဝတ်အထည်
(၅) သစ်နှင့်သစ်တောထွက်ပစ္စည်း
(ခ) ဦးစားပေးကဏ္ဍများ(ဝန်ဆောင်မှု) (Priority Sector-Services) (၁) မျိုး ခရီးသွားလုပ်ငန်း
(ဂ) ဖွံ့ဖြိုးရန်အလားအလာရှိသည့်ကဏ္ဍ(Emerging Sector) (၁) မျိုး
(၁) ရော်ဘာ
(ဃ) ဦးစားပေးကဏ္ဍများကိုအထောက်အကူပြုဝန်ဆောင်မှုကဏ္ဍများ(Cross-Sector)(၄) မျိုး
(၁) ကုန်သွယ်မှုဆိုင်ရာငွေကြေးဝန်ဆောင်မှု
(၂) ကုန်သွယ်မှုသတင်းအချက်အလက်နှင့်ကုန်သွယ်မှုမြှင့်တင်ရေး
(၃) အရည်အသွေးစီမံခန့်ခွဲခြင်း
(၄) ကုန်သွယ်မှုလျင်မြန်ချောမွေ့ခြင်းနှင့်ကုန်စည်သယ်ယူပို့ဆောင်ရေး
တို့ဖြစ်ပါသည်။