
Introduction
The Enhanced Integrated Framework (EIF) ဆိုသည်မှာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၏ ကုန်သွယ်မှု အတွက် အထောက်အပံ့ Aid for Trade ရရှိစေရေးကို ပေါင်းစပ်ဆောင်ရွက်သည့် အကူအညီပေးရေး အစီအစဉ် တစ်ခုပင်ဖြစ်ပါသည်။ EIF သည်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရန် ကြုံတွေ့နေရသော ထုတ်လုပ်နိုင်မှု အဟန့်အတားများ ( supply – side constraints) ကိုဖြေရှင်းပေးခြင်းဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ ကမ္ဘာ့ကုန် သွယ်မှုစနစ်တွင် ပိုမိုဝင်လာနိုင်ရေး ပံ့ပိုးကူညီနေသည့် ဘက်စုံအလှူရှင်နိုင်ငံများ ပါဝင်သော အစီအစဉ်တစ်ခု ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ထိုအစီအစဉ်သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်စေရေး ရည်မှန်းချင် ပန်းတိုင်များ ရရှိရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်နေသော အစီအစဉ်ဟု မှတ်ယူနိုင်သည်။

AID FOR TRADE
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏မြန်မာနိုင်ငံ ဆိုင်ရာ Focal Ministry ဖြစ်သည့်အားလျော်စွာ ကုန်သွယ်မှုဆိုင်ရာများနှင့် ပတ်သက်ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) နှင့်အနီးကပ်ပူးပေါင်းဆာင်ရွက်လျက်ရှိပါသည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)၏ သဘောတူညီချက်များနှင့်အညီ .....

EIF
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှကြီးမှူး၍ ဂျီနီဗာမြို့တွင် ၁၉၉၇ ခုနှစ်၊ အောက်တိုဘာ (၂၇) ရက်နေ့မှ (၂၈) ရက်နေ့အထိ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ အဆင့်မြင့် အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများအတွက် ကုန်သွယ်မှုဆိုင်ရာ နည်းပညာ အထောက်အပံ့ပေးရေးမူဘောင် ကိုစတင် ချမှတ် အကောင်အထည်ဖော် စတင်ခဲ့သည်။
SCHEDULE
ရက်စွဲ - ၂၅.၆.၂၀၁၆
ယေဘုယျအမြင် - လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် Myanmar-Lao Exchange Programe ကျင်းပ |
ရက်စွဲ - ၃၀-၆-၂၀၁၅
ယေဘုယျအမြင် - 5th Global Review of Aid for Trade: Reducing Trade Cost ဆွေးနွေးပွဲ |
ရက်စွဲ - ၂၀၁၅ခုနှစ် မတ်လ၁၇ရက်
ယေဘုယျအမြင် - ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO) မှ ဦးဆောင်ကျင်းပသော EIF Global Platform |