မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နိုင်ရေးအကြိုညှိနှိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်
စီးပွာရေးကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့တို့ပူးပေါင်း၍ မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နိုင်ရေးအကြိုညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့တွင် မြတ်တော်ဝင်ဟိုတယ်၊ နေပြည်တော်၌ ကျင်းပခဲ့ရာအဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ ပုဂ္ဂလိက အဖွဲ့အစည်းများမှ ကိုယ်စားလှယ် စုစုပေါင်း (၈၀)ဦးတက်ရောက်ခဲ့ကြပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာဌာနအသီးသီးမှ တောင်းခံ ထားသည့် Contact Person များအား ပထမအကြိမ် တွေ့ဆုံမှုပြုရန်နှင့် ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်းအတွက် အချက်အလက်များကောက်ခံခြင်းအပါအဝင် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးရန် ဖြစ်ပါသည်။